Xiaomi Bootloader Unlock လုပ်ပြီး FASTBOOT MODE ကနေပြီး
flash_all.bat နဲ့ Global Firmware ရေးတဲ့အခါမရေးဘဲ ပိတ်သွားတာကို ကြုံဖူးကြပါလိမ့်မယ်။
fastboot flash ???? ဆိုပြီး Command တစ်ကြောင်းချင်း စာရိုက်စရာမလိုအောင် ရေးနည်းပါ ။
Command မရေးချင်ဘူး ပျင်းတယ်ဆိုရင် အခုနည်းအတိုင်း စမ်းရေးကြည့်ပါ ။
လိုအပ်တဲ့ Notepad++ နှင့် adb fastboot ကိုအောက်မှာ
Download Link လုပ်ပေးထားပါမယ် ။
adb fastboot ကို အခုနောက်ဆုံး version V1.0.41 ကိုပေးထားပါတယ် ။
1. Notepad++ ကိုအရင်ဆုံး Install လုပ်ထားပါ ။
2. Firmware Folder ထဲက flash_all.bat ကို images Folder ထဲကို Copy လုပ်ပါ ။
3. ပြီးရင် ပေးထားတဲ့ Android Debug Bridge ထဲက
adb.exe , AdbWinApi.dll , AdbWinUsbApi.dll , fastboot.exe & libwinpthread-1.dll
အဲ့ဒီ 5 ဖိုင်ကို images Folder ထဲသို့ Copy ထည့်ပါ ။
4. images ထဲက အသစ် flash_all.bat ကို Notepad++ နဲ့ဖွင့်မယ် ။
flash_all.bat ရွေး Right Click \ Edit with Notepad++ နှိပ် ။
( ပုံ ၁ မှာကြည့်ပါ ) 👇👇👇👇👇
5. အစဆုံးကနေ exit /B 1 ) အထိ Selection ပေးပြီးဖျက်လိုက်ပါ ။
( ပုံ ၂ မှာကြည့်ပါ ) 👇👇👇👇👇
6. %* ကို Copy ယူပါ ။
7. ကီးဘုတ်ကနေ ctrl + H ကို တစ်ပြိုင်တည်းတွဲနှိပ်ပါ ။
Replace ဆိုတဲ့ Program Form တစ်ခုပေါ်လာပါလိမ့်မယ် ။
Search \ Replace... အတိုင်းနှိပ်ရှာလည်းရပါတယ် ။
8. Find What နေရာမှာ ခဏက Copy လုပ်ထားခဲ့တဲ့ %* ကို Paste လုပ်ပါ ။
Replace with နေရာမှာ ကီးဘုတ်ကနေ Space ကို ၂ ချက်လောက်နှိပ်ပါ ။
Replace All နှိပ်ပါ ။ ဆိုလိုတာက %* နေရာမှာ Space ခြားပြီး အစားထိုးဖျက်လိုက်တာပါ ။
( ပုံ ၃ မှာကြည့်ပါ ) 👇👇👇👇👇
9. ပြီးရင် Replace Program Form ုမပိတ်ဘဲ
စောစောကလိုမျိုးပဲ %~dp0images\ စာသားလောက်ကို တိတိကျကျ Copy လုပ်ပါ ။
Find What နေရာမှာ ခဏက Copy လုပ်ထားခဲ့တဲ့ %~dp0images\ ကို Paste လုပ်ပါ ။
Replace with နေရာမှာ ကီးဘုတ်ကနေ Space ကို ၂ ချက်လောက်နှိပ်ပါ ။
Replace All နှိပ်ပါ ။ ဆိုလိုတာက %~dp0images\ နေရာမှာ Space ခြားပြီး အစားထိုးဖျက်လိုက်တာပါ ။
( ပုံ ၄ မှာကြည့်ပါ ) 👇👇👇👇👇
10. ပြီးရင် || @echo ကနေ && exit /B 1 အထိ တိတိကျကျ Select ပေး
စာသား တစ်ကြောင်းချင်းစီလိုက်ဖျက်ပေးလိုက်ပါ ။
( ပုံ ၅ မှာကြည့်ပါ ) 👇👇👇👇👇
11. ဟုတ်ပြီ အပေါ်ကအတိုင်း လုပ်ပြီးရင် ကီးဘုတ်က ctrl + s ကိုတွဲနှိပ်ရင်း save လိုက်ပါ ။
File ကနေ နှိပ်ပြီး save လုပ်လည်းရပါတယ် ။
ပုံ ၆ လိုမျိုးဖြစ်သွားရင်တော့ Firmware တင်ဖို့အတွက် အဆင်သင့်ဖြစ်ပါပြီ ။
ဒါဆိုရင်တော့ Phone ကို Fastboot Mode ဝင် USB ကြိုးတပ် Firmware ရေးလိုက်ရုံပါပဲ ။
fastboot ကဆိုတော့ Bootloader Unlock လိုတာပေါ့နော ။
စာဖတ်ပြီး နားမလည်ရင် အသိတစ်ယောက်ရဲ့ Redmi 7 အလုံးကို TeamViewer နဲ့ ဝင်ပြီး ကူညီပေးတုန်းက
Record Video ကိုကြည့်ကြည့်လိုက်ပါ ။
👇👇👇👇👇
လိုအပ်တဲ့ဟာတွေကို အောက်မှာ Download ရယူနိုင်ပါတယ်
👇👇👇👇👇
အားလုံးပဲ အဆင်ပြေကြပါစေ . . .
သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ နှင့် ဆရာ အားလုံးကို
ဦးထိပ်ပန်ဆင်လေးစားလျက်ပါ 🙏🙏🙏🙏🙏
အမှားပါရင်လည်း ခွင့်လွှတ်ပေးကြပါ . . . 🙏🙏🙏🙏🙏
Comments
Post a Comment